မကြာခင်က သူငယ်ချင်းတယောက်က အီမေးလ်ပို့ပြီး ဥရောပမှာ ဗေဒင်ဆရာ လုပ်ဖို့အတွက် ဘာတွေ လေ့လာ ပြင်ဆင်ခဲ့ရမလဲလို့ မေးတယ်။ နောက်ပြီး အတွေ့အကြုံလေးတွေလဲ ဖြန့်ဝေပေးပါဦးတဲ့လေ။
ဒီတော့ ဖြစ်ခဲ့ဘူးတဲ့ ပြဿနာလေးတခုကို ပြေးပြီးသတိရလိုက်တယ်။ လွန်ခဲ့တဲ့ ငါးနှစ်လောက်ကပေါ့၊ တနင်္ဂနွေတရက်မှာ တွေ့ဆုံဖို့ အင်္ဂလိပ်မ အမျီုးသမီးတဦးက အပွိုင့်မင့်တောင်းတယ်၊ ဟောပေးရမည့် လူဦးရေစာရင်းကနှစ်ယောက်ပါ။ ကျနော်အားတဲ့ရက်မို့ အိုကေပေါ့။
ချိန်းထားတဲ့ရက်မှာ ချိန်းထားတဲ့နာရီအတိုင်း သူတို့ရောက်လာကြပါတယ်၊ သားအမိနှစ်ယောက်ပါ၊ပထမမေးသူက သားဖြစ်ပါတယ်၊ ( ၂ )နာရီအချိန်တောင်းထားပါတယ်၊ တနာရီလျှင်ပေါင် ၃၀ ဆိုပေမဲ့ နှစ်နာရီအချိန်အတွက်တော့ ပေါင်း ၅၀ ဘဲယူပါတယ်။ မေးခွန်တွေလဲ တော်တော်လေးမေးတတ်ကြပါတယ်။ သေသေချာချာလည်း လျှောက်လွှာစာရွက်ပေါ်မှာ ရေးသားပြီး ဟောစာတမ်းများကိုမှတ်သားကြပါတယ်။ ပြီတော့ ကျနော့်ကို ဟောစာတမ်းပေါ်မှာ လက်မှတ်ရေးထိုးခိုင်းပါတယ်။ဒါက အင်္ဂလန်ရဲ့ဓလေ့ အမူအကျင့်ပါဘဲ။
နံနက် ၁၀ နာရီမှ စဟောလိုက်တာ နေ့လယ် ၁၂ တိတိရောက်ပြီမို့ ဟောချိန်နားပြီး ဘရိပ်ခ်တိုင်းမ်ယူပါတယ်၊နေ့လယ်တနာရီမှာ ပြန်စမယ်ပေါ့။ လန့်ခ်ျတိုင်းမ် ဘရိပ်ခ်မှာ ဗေဒင်ဆရာတို့ ထုံးစံအတိုင်း မသိစိတ်က ကျော်ကြည့်မိထားသည့် သား၏ဇာတာမှ မိခင်၏အကြောင်းကို ကြိုတင်စဉ်းစားတွက်ချက်နေမိပေသည်။ ယူထားသည့်အပွိုင့်မင့်အတွက်က ၂ ယောက်၊ ရောက်လာသည်က သားအမိဖြစ်လေတော့ ကျန်ရှိ့သည့် တယောက်သည် မိခင်ကိုဘဲဟောရပေတော့မည် မဟုတ်ပါလား။
တစ်နာရီထိုးဖို့ ဆယ်မိနစ်အလိုမှာ တံခါခေါက်၍ တံခါးဖွင့်လိုက်သောအခါ၊စောစောက ဟောထာြး့ပီးသော သူငယ်နှင့် အသက် ၄၀ ခန့် အမျီုးသား ပုဂ္ဂိုလ်တဦးတို့ ဖြစ်၍နေလေသည်။ ဒါနှင့် ကျနော်က ဒီတခါမေးမှာက ခင်ဗျားလားဟုမေးလိုက်ရာ၊” ဟင့်အင်း ကျနော်မဟုတ်ပါဘူး ဒီတခါမေးမှာ သူ့အလှည့် ” ဆိုပြီး စောစောကသူငယ်ကိုဘဲ လက်ညှိုးထိုးပြီးပြပါတယ်။ ကျနော်က အံ့အားသင့် အမူအရာဖြင့် ဒါဖြင့်သူကဟုပြော၍ စကားရပ်ထားရာ ထိုသူမှ ”စောစောကမေးသွားတာက ကျနော့်သားရဲ့ အမွှာညီအကိုလေ” တဲ့။
ကိုင်း ဘယ်နဲ့ရှိစ ကျနော်ဗေဒင်ဆရာ။ မွေးရက်၊ မွေးလ၊ ခုနှစ၊် နာရီ၊ မွေရာဒေသ ဇာတာချပြီး စာအုပ်ထဲကအတိုင်း ရှေ့ဘာဖြစ်မယ် ဟောတတ်တာလောက်နဲ့ ဥရောပမှာ ငါဆရာမဟုတ်လောက် ဆိုတာကိုကျနော်နားလည်သွားပါတော့တယ်။ အဲ့ဒီနေ့ကစပြီး ကျမ်းတော်တော်များများမှာ ရှာကြည့်ပါတယ် ဇာတာတခုကိုကြည့်ယုံနဲ့ အမွှာညီအကို မောင်နှမ ရှိမရှိ အဖြေထုတ်နည်းလေးကိုပေါ့၊တိကျတဲ့ တွက်နည်းကိုတော့ မတွေ့သေးပါဘူး ရှာဖွေနေစဲပါ၊ တွေ့သွားတာတော့ တခုတော့ရှိတယ် အဲ့ဒါကတော့ [ မွေးလ ရက် ခုနှစ် နာရီအချိန် ဒေသ စသည်တို့ကိုသာ အားကိုးပြီး ဟောတတ်ယုံနဲ့ တကယ်ဗေဒင်ဆရာကောင်းမဟုတ်ပါ၊ လက္ခဏာပညာ ကောင်းကောင်းတတ်ပြီဟောတတ်ယုံနဲ့ ဆရာကောင်းတယောက်မဟုတ်သေးပါ။ ရုပ်ကိုကြည့်ပြီးဟောသည့် အတတ်ပညာသက်သက်ဖြင့်လည်း သင်သည်ဆရာကောင်းတယောက် မဟုတ်ပါ။ ဤ ( ၃ )ပါး ဆုံ 70% နားလည်ကျွမ်းကျင်လျှင် လုပ်စားလောက်တဲ့ ဆရာငယ်တယောက်တော့ ဖြစ်လေမည် ] ။
No comments:
Post a Comment