Friday, 23 July 2010

နေ့နံလေးတွေ ကောက်ရအောင်။

ဆောင်ချင် ရှောင်ချင်တဲ့ နေ့နံလေးတွေသိပြီးတဲ့အခါ သင့်အတွက် အလွယ်တကူ နေ့နံလေးတွေကောက်တတ်အောင်လို့ ဒီနေရာလေးမှာ အခြေခံနေ့နံကောက်နည်းလေးတွေကို ရေးထားပေးမယ်။ တော်တော်များများကတော့ သိထားပြီးသားပါ၊ မသိသေးတဲ့သူတွေအတွက် သိထားရအောင်လို့။
မှတ်ရန် = သက်ရှိအရင်း သက်မဲ့အဖျား။
တနင်္လာ = က၊ ခ၊ ဂ၊ ဃ၊ င = ကြည်မောင်၊ ရှေ့စာလုံး = အရင်းစာလုံး ကြည်ကိုယူ။ ချိုပြုံး၊ချိုကိုယူ။ငယ်လေး၊
ငယ်ကိုယူ။ ခင်ဝင်း၊ ခင်ကိုယူ။
အင်္ဂါ = စ၊ ဆ၊ ဇ၊ ဈ၊ ည = စန်းမောင်၊ စန်းကိုယူ။ ဆန်းဝင်း၊ ဆန်းကိုယူ။ ဇင်မာ၊ ဇင်ကိုယူ။ ငြိမ်းချမ်း၊
ငြိမ်းကိုယူ။
ဗုဒ္ဓဟူး = ယ၊ ရ၊ လ၊ ဝ = ယမင်း၊ ယကိုယူ။ ရန်အောင်၊ ရန်ကိုယူ။ လင်းထင်၊ လင်းကိုယူ။
ကြာသပတေး = ပ၊ ဖ၊ ဗ၊ ဘ၊ မ၊ = ဖြူဖြူသင်း၊ ဖြူကိုယူ။ မေမိုးဦး၊ မေကိုယူ။ ပြည့်စုံ၊ ပြည့်ကိုယူ။
သောကြာ = သ။ ဟ = သန်းမြင့်၊ သန်းကိုယူ။ ဟန်ဝင်း၊ ဟန်ကိုယူ။
စနေ = = တ၊ ထ၊ ဒ၊ ဓ၊ န = တင်အောင်၊ တင်ကိုယူ။ ထိန်လင်း၊ ထိန်ကိုယူ။ နေအောင်၊ နေကိုယူ။
တနင်္ဂနွေ = အ၊ ဥ = အောင်လင်း၊ အောင်ကိုယူ။ ဥမ္မာ၊ ဥ ကိုယူ။

သက်မဲ့ပစ္စည်းတွေအတွက်။
စိန်ပန်း မှ ပန်း = ပ အဖျားအက္ခရာ ( ကြာသပတေး ) ။
ပိတောက် မှ တောက် = တ အဖျားအက္ခရာ ( စနေ )။
ဖိနပ် မှ နပ် = န အက္ခရာ ( စနေ )
စားပွဲ မှ ပွဲ = ပ အက္ခရာ ( ကြာသပတေး)
အထက်ပါမြန်မာဗေဒင် ဓလေ့ထုံးစံအတိုင်း ကောက်ယူ၍ နေ့နံလေးတွေဆောင်ကြရှောင်ကြတဲ့အခါ လွယ်လင့်တကူဖြစ်အောင်လို့ ဖော်ပြပေးထားတာဖြစ်ပါတယ်။ ကြုံလာတဲ့အခါ အသုံးချတတ်အောင်လို့ပါ။

နေ့နံလေးတွေ ကောက်ရအောင်။


Italic


Sunday, 18 July 2010

ရတနာလေးတွေဆောင်ရအောင်

ဂြိဟ်အလိုက် ဆောင်ရမည့်ရတနာလေးတွေ ရေးထားပေးမယ်၊ သင့်မှာကံမကောင်းဘူးလို့ထင်
တဲ့အခါ အဆင်မပြေဘူးလို့ထင်တဲ့အခါ ဒါမှမဟုတ် သင့်အတွက်ခွန်အားလေးတွေလိုအပ်တဲ့အခါ ကံကောင်းစရာ အဆင်ပြေစရာ ခွန်အားလေးတွေဖြစ်စေဖို့ နေ့နံအလိုက် ရတနာလေးဆောင်ချင်ရင် ၊
တနင်္ဂနွေ = ကျောက်နီ(ပတ္တမြား)။
တနင်္လာ = ပုလဲ။
အင်္ဂါ = သန္တာ။
ဗုဒ္ဓဟူး = ကျောက်စိမ်း ၊ မြ။
ကြာသပတေး = ဥဿဖရား။
သောကြာ = စိန်။
စနေ = နီလာ။
ရာဟု = ဂေါ်မုတ်။
ကိတ် = ကြောင်။
စတဲ့ ရတနာလေးတွေဆောင်လို့ရပါတယ်။ ဝါသနာပါတဲ့ ပုဂ္ဂိုလ်အချို့ ဒီလိုလေးတွေဆောင်ကြတယ်ပေါ့။

Saturday, 17 July 2010

ဗေဒင်နှင့် လူသား

ဗေဒင်နှင့်ပတ်သက်၍ မြန်မာတို့၏ မဟာဝင်ရာဇဝင်တို့တွင် မင်းကောင်းမင်းမြတ်တို့၏ ယုံကြည်မှု့ကိုခံယူပြီး အတိုင်ပင်ခံ အဖွဲ့ထားရှိခြင်း၊ တတ်အပ်သော အတတ် ၁၈ ပါး၌ပါရှိခြင်း ၊နက္ခတ်ဗေဒင်ပညာရှိမရှိသောတိုင်းပြည်၌ လူတို့မနေအပ်ဟု စာဏကျနီတိကျမ်းတွင် ပါရှိခြင်းတို့ကြောင့် လက်ရှိအခြေအနေကို ကျေနပ်နှင့်သိမ့်နေယုံဖြင့် ထူးမြတ်သည့်အရသာကို သင်သည်အမှန်ပြည့်စုံစွာ ခံစားရမည်မဟုတ်။ ကမ္ဘာပေါ်မှာရှိသည့် ၉၉.၉ ရာခိုင်နှုံးသောလူသားတို့သည် တမျိုးနည်းမဟုတ် တမျိုးနည်းဖြင့် ကံအကြောင်းတရားကို ယုံကြည်သူများဖြစ်လေ၏၊ ကံကိုယုံ၍ ဆူးပုံမနင်းအပ်သလို ကံကိုပုံ၍ အပြစ်လုံးမချပါလေနှင့်။ ဖြစ်သင့်တာလေးတွေဖြစ်လာအောင် လုပ်သင့်တာလေးတွေလုပ်ဖို့ ဗေဒင်ပညာဆိုတာရှိတယ်။